photo WelcometoMelbourne_zpsca6cd47c.gif

Tuesday 3 December 2013

အသက် (၉၈) နှစ်ရှိနေပြီဖြစ်တဲ့ Mrs Lois Baglin ရဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ကြည်ကြည်နူးနူး တွေ့ ဆုံမှု။

အသက် (၉၈) နှစ်ရှိနေပြီဖြစ်တဲ့ Mrs Lois Baglin ရဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ကြည်ကြည်နူးနူး တွေ့ ဆုံမှု။

မဲလ်ဘန်းမြို့ မှာ ကျင်းပတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ တက်ရောက်ဖို့ အတွက် ကြိုတင်စာရင်းပေးသွင်းလာကြတဲ့ နေ့ တစ်နေ့  နိုဝင်ဘာလ (၂၉) ရက်နေ့ မှာ မထင်မှတ်တဲ့ မက်ဆေ့ခ်ျတစ်ခု ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်နီးချင်းတစ်ဦးဖြစ်သူက တွေ့ ဆုံပွဲကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ချင်လို့ ပါ ဆိုလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်နိုင်ငံမှာ နေထိုင်နေစဉ် နေအိမ်ရဲ့  အပေါ်ထပ်မှာ နေထိုင်ခဲ့တဲ့သူ တစ်ဦးပါတဲ့။ သြစတြေးလျနိုင်ငံမှာ ပြောင်းရွှေ့  နေထိုင်နေပြီး ယခုအခါ မဲလ်ဘန်းမြို့ ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမယ်လို့  သိရတဲ့အတွက် အင်မတန် စိတ်လှုပ်ရှား အားရ၀မ်းသာဖြစ်ပြီး တွေ့ ချင်လွန်းလို့  ဆက်သွယ်လာတာပါ။

ဒီသတင်းဟာ ဒေါ်အောင်ဆန်းစုကြည်ထံ ရောက်ရှိခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာ ဒေါ်အောင်ဆန်းစုကြည်ထံမှ ပြန်လည် မေးမြန်းလာလို့  ပြန်လည်ဆက်သွယ်လိုက်တဲ့အခါမှာတော့ အသက် (၉၈) နှစ်အရွယ် Mrs Lois Baglin ဖြစ်ပါတယ်။

တွေ့ ဆုံပွဲနေ့ မှာ အိမ်နီးချင်းဖြစ်ခဲ့ကြသူနှစ်ဦး နှစ်ပေါင်းမြောက်မြားစွာ ကွဲကွာနေရာကနေ သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့ မှာ ပြန်လည်ဆုံတွေ့ မှုကို မြင်တွေ့ ရတာ ရင်ထဲမှာ များစွာကြည်နူးပီတိဖြစ်ရပါတော့တယ်။ Mrs Lois Baglin အနေနဲ့  အင်မတန်ပျော်ရွှင်ကြည်နူးမိမှာ အမှန်ဘဲဆိုတာ ဓါတ်ပုံတွေက သက်သေပြနေပါတယ်။

Mrs Lois Baglin နဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံခွင့်ရရှိအောင် စီစဉ်ပေးကြသူတွေ ဖြစ်တဲ့ အန်တီ ပက်ထရစ်ရှာ၊ ကိုမျိုးအေး၊ မဇွန်ဇွန်၊ မမီးမီးနဲ့  ဓါတ်ပုံရိုက်ကူးခဲ့တဲ့ ကိုမောင်မောင်အေးတို့ ကို ကျေးဇူးတင်ရှိပါတယ်။





Wednesday 27 November 2013

မဲလ်ဘန်းမြို့ မှာ ရောင်စုံလှပပြီး ကျက်သရေရှိလှတဲ့ ဒီလို တီရှပ်အင်္ကျီလေးတွေ ၀တ်ဆင်ကြမယ်။

မဲလ်ဘန်းမြို့ မှာ ရောင်စုံလှပပြီး ကျက်သရေရှိလှတဲ့ ဒီလို တီရှပ်အင်္ကျီလေးတွေ ၀တ်ဆင်ကြမယ်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့  Opera House)။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့  Opera House)။



Tuesday 26 November 2013

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့  Opera House မှာ ဒေါ်အောင်ဆန်းစုကြည် ယနေ့  ပြောကြားမယ့် အစီအစဉ်ကို တိုက်ရိုက်ကြည့်ရှူနိုင်ပါသည်။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့  Opera House မှာ ဒေါ်အောင်ဆန်းစုကြည် ယနေ့  ပြောကြားမယ့် အစီအစဉ်ကို တိုက်ရိုက်ကြည့်ရှူနိုင်ပါသည်။

http://www.youtube.com/watch?v=Hrr79diHyFc&feature=share

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေလျနိုင်ငံသို့  လာရောက်ရန် ယနေ့  စတင်ထွက်ခွာလာပါပြီ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေလျနိုင်ငံသို့  လာရောက်ရန် ယနေ့  စတင်ထွက်ခွာလာပါပြီ။

သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ ၊ ဆစ်ဒနီမြို့ နဲ့  မဲလ်ဘန်းမြို့ မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုစောင့်မျှော်လျက် ရှိပါတယ်။





လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့  လာရောက်ရန် ယနေ့  စတင်ထွက်ခွာလာပါပြီ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့  လာရောက်ရန် ယနေ့  စတင်ထွက်ခွာလာပါပြီ။

သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ ၊ ဆစ်ဒနီမြို့ နဲ့  မဲလ်ဘန်းမြို့ မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုစောင့်မျှော်လျက် ရှိပါတယ်။








ကြိုတင်စာရင်းပေးသွင်းမှုအား နိုဝင်ဘာလ (၂၉) ရက်နေ့ ထိတိုင် ဆက်လက်ဖွင့်လှစ်ထားရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မကြာခင် ရောက်ရှိတော့မည့် ဒီဇင်ဘာလ (၁) ရက်နေ့  တနင်္ဂနွေနေ့ တွင် ကျင်းပမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ” သို့  မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများ၊ တိုင်းရင်းသားပြည်သူပြည်သားများ ပိုမိုတက်ရောက်နိုင်ရေးအတွက် တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းမှုအား နိုဝင်ဘာလ (၂၉) ရက်နေ့ ထိတိုင် ဆက်လက်ဖွင့်လှစ်ထားရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။


Monday 25 November 2013

ကလေးသူငယ်များအား မည်သည့် အသက်အရွယ် ကန့်  သတ်ချက် မရှိဘဲ ခန်းမအတွင်းသို့  ၀င်ရောက်ခွင့်ပြုခြင်း။

ကလေးသူငယ်များအား မည်သည့် အသက်အရွယ် ကန့်  သတ်ချက် မရှိဘဲ ခန်းမအတွင်းသို့  ၀င်ရောက်ခွင့်ပြုခြင်း။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနားသို့  မိဘများနှင့်အတူ တက်ရောက်လာကြမည့် ကလေးသူငယ်များနှင့် ပတ်သက်၍ မည်သည့် အသက်အရွယ် ကန့် သတ်ချက် မရှိဘဲ ခန်းမအတွင်းသို့  ၀င်ရောက်ခွင့်ပြုပါသည်။

အုပ်ထိန်းသူများမှ ရရှိထားသော ထိုင်ခုံတွင် ကလေးသူငယ်များအား မိမိတို့ နှင့်အတူ ငြိမ်သက်စွာ ရှိနေစေရန် ၀ိုင်းဝန်းတာဝန်ယူစောင့်ရှောက်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

မှန်လုံသီးသန့် ခန်း၌လည်း ကလေးသူငယ်များအား ကူညီစောင့်ရှောက်ပေးသော ကလေးသူငယ်များအား ဖြော်ဖြေသည့် အစီအစဉ်များ ရှိပါသဖြင့် အဆိုပါ သီးသန့် ခန်းသို့ လည်း မိမိတို့  ကလေးသူငယ်များအား ပို့ ဆောင်ထားရှိနိုင်ပါသည်။

အခန်းအနားအား အနှောက်အရှက် ဖြစ်စေသည်ဟု ယူဆသော ခလေးသူငယ်များကိုမူ စီစဉ်ထားသော ခလေးသူငယ်များအား စောင့်ရှောက်သည့် သီးသန့် ခန်းသို့  လုံခြုံရေးတာဝန်ခံမှ ပို့  ဆောင်ပေးပါမည်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။


ရံပုံငွေအတွက် ထုတ်လုပ်ရောင်းချသည့် တီရှပ် (T-Shirt) အင်္ကျီ။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” မှ ရံပုံငွေအတွက် ထုတ်လုပ်ရောင်းချသည့် တီရှပ် (T-Shirt) အင်္ကျီ။

တစ်ထည်လျှင် - သြစတြေးလျ ဒေါ်လာ (၁၅) ဒေါ်လာ ဖြစ်ပါတယ်။

(ဒီဇိုင်း - ကိုမောင်မောင်အေး၊ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” မှ စီစဉ်ရောင်းချသည်)။




Saturday 23 November 2013

မိမိတို့  မေးမြန်းလိုသော မေးခွန်းများအား အောက်ဖေါ်ပြပါအတိုင်း ကြိုတင်ပေးပို့ ပါရန်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ (မဲလ်ဘန်းမြို့ ) ၏ အစီအစဉ်အတွင်း “မြန်မာမိသားစုများမှ မေးမြန်းထားသော မေးခွန်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခြင်း” အစီအစဉ်တစ်ရပ် ပါရှိပါသောကြောင့် - မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများအနေဖြင့် မိမိတို့  မေးမြန်းလိုသော မေးခွန်းများအား ကြိုတင်၍ ပေးပို့ ထားနိုင်ပါသည်။

မိမိတို့  မေးမြန်းလိုသော မေးခွန်းများအား အောက်ဖေါ်ပြပါအတိုင်း ကြိုတင်ပေးပို့ ပါရန် အသိပေးအပ်ပါသည်။

- မေးခွန်းမေးသူ အမည်အား ဖေါ်ပြရမည် ဖြစ်သည်။

- မေးခွန်းကဏ္ဍ - (၁) နိုင်ငံရေး (၂) ပညာရေးနှင့် ကျန်းမာရေး (၃) တိုင်းရင်းသားရေး။

- မေးခွန်းသည် ဖတ်ရှူမြင်နိုင်သော ရေးသားမှု ဖြစ်ရမည်၊ ညစ်ညမ်းရိုင်းစိုင်းသော ပုဂ္ဂိုလ်ရေးစော်ကားသည့် ရေးသားမှုမျိုးမဖြစ်စေရ။ စာလုံးရေ (၅၀) ထက် မပိုစေရ။

- မေးခွန်းအရေအတွက် သတ်မှတ်ထားခြင်း မရှိသော်လည်း တူညီသည့် မေးခွန်းများကိုမူ ပေါင်းစပ်မည်ဖြစ်ပြီး မေးခွန်းကဏ္ဍအလိုက် စုစည်း၍ ငွေဖလားအတွင်း ထည့်သွင်းကာ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားနိုင်ရန် အသင့်ပြင်ဆင်ထားပေးမည် ဖြစ်ပါသည်။

- တွေ့ ဆုံပွဲကျင်းပနေသည့် အချိန်ကာလအတွင်း မေးမြန်းခြင်း ခွင့်မပြုပါ။

မေးခွန်းများအား အီးမေးလ်လိပ်စာ welcome.daw.aung.san.suu.kyi@gmail.com သို့  နိုဝင်ဘာလ (၂၉) ရက်နေ့  နောက်ဆုံးထား၍ ပေးပို့ နိုင်ပါသည်။


ခန်းမအတွင်းတွင် လိုက်နာရမည့် စည်းကမ်းချက်များ။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ”

ခန်းမအတွင်းတွင် လိုက်နာရမည့် စည်းကမ်းချက်များ

၁။ အခမ်းအနားကို အနှောက်အယှက်ဖြစ်စေသော လုပ်ရပ်များ မပြုလုပ်ရ။ အခန်းအနားကို အနှောက်အရှက်ဖြစ်စေသည်ဟု ယူဆခံရသူအား လုံခြုံရေးတာဝန်ခံမှ ခန်းမပြင်ပသို့ ပို့ ဆောင်ပါမည်။

၂။ ခန်းမအတွင်း ၀င်ရောက်သည်နှင့် တပြိုင်နက် မိမိအား သတ်မှတ်နေရာချထားပေးသော နေရာမှအပ တခြားနေရာများသို့ သွားလာခွင့်မပြု။

၃။ မိမိ ရရှိထားသော ထိုင်ခုံနေရာတွင်သာ အခမ်းအနားအစီအစဉ်တစ်လျှောက် အချိန်ပြည့် နေရာယူပြီး အကြောင်းကိစ္စရှိပါက နီးစပ်ရာ လုံခြုံရေးတာဝန်ခံကို ခေါ်ယူပြီးမှသာ မိမိနေရာမှ ထွက်ခွာရမည်။

၎။ မိမိထိုင်နေသော ထိုင်ခုံမှသာ ထိုင်၍ ဓါတ်ပုံရိုက်ယူရမည်။ ဓါတ်ပုံကင်မရာဖြင့် ရိုက်ယူရာတွင် အလင်းရောင်သုံး (Flash) အား သုံးစွဲခြင်း မပြုလုပ်ရ။

၅။ တယ်လီဖုန်းများ အသံပိတ် (Silent) ပြုလုပ်ထားရမည်။

၆။ အသက် (၁၀) နှစ်အထက် ကလေးများသည် ရရှိထားသော ထိုင်ခုံတွင်သာ ငြိမ်သက်စွာရှိနေစေရန် အုပ်ထိန်းသူများမှ တာဝန်ယူရမည်။ (အခန်းအနားကို အနှောက်အရှက်ဖြစ်စေသည်ဟု ယူဆသော အသက် ၁၀ နှစ်အထက် ကလေးအား စီစဉ်ထားသော ကလေးများ ကြည့်ရှူစောင့်ရှောက်သည့် သီးသန့် ခန်းသို့  လုံခြုံရေးတာဝန်ခံမှ ပို့ ဆောင်ပါမည်)။

၇။ အရေးပေါ်အခြေအနေများတွင် သက်ဆိုင်ရာလုံခြုံရေးတာဝန်ခံများ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာရမည်။

ခန်းမအတွင်း ဝင်ရောက်မည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များ။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ”

ခန်းမအတွင်း ဝင်ရောက်မည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များ

၁။ ဧည့်သည်များသည် ခန်းမအတွင်းသို့ နံနက် ၆း၃၀ နာရီ မှ နံနက် ၉း၀၀နာရီ အတွင်း ဝင်ရောက်ကြရမည်။ နံနက် ၉:၀၀နာရီတိတိတွင် ခန်းမတံခါးပိတ်မည် ဖြစ်သည်။

၂။ အ၀င်ပေါက်ဝတွင် လုံခြုံရေးအတွက် မည်သူမဆို စစ်ဆေးခံရမည်။ ခန်းမအတွင်း၌လည်း စစ်ဆေးရန် လိုအပ်ပါက စစ်ဆေးခံယူမှု ရှိရမည်။

၃။ မိမိ၏ အမည်နှင့် ဓါတ်ပုံပါရှိသော သက်သေခံကဒ်ပြား (ID) မပါသူအား ဝင်ခွင့်မပြု။

၎။ သင့်တင့်လျောက်ပတ်သော ၀တ်စားဆင်ယင်မှု မရှိသူအား ဝင်ခွင့်မပြု။

၅။ မူးယစ်သေစာ သုံးစွဲထားသူဟု ယူဆထားသူအား လုံခြုံရေးတာဝန်ခံအရာရှိမှ လိုအပ်သလို စစ်ဆေးပြီးမှ ဝင်ခွင့်ပေးသင့် မပေးသင့် ဆုံးဖြတ်မည်။

၆။ လုံခြုံရေးကို ထိခိုက်စေနိုင်သောပစ္စည်းများ (ဓါး၊ တုတ်၊ လက်နက်၊ လက်ကိုင်အသံချဲ့စက် စသည်ဖြင့် ....) ယူဆောင်ခွင့်မပြု။

၇။ လက်ဆွဲအိပ်အကြီးစားများနှင့် ကျောပိုးအိပ်များ ယူဆောင်ခွင့်မပြု။

၈။ ဗီဒီယိုကင်မရာနှင့် ဓါတ်ပုံကင်မရာအကြီးစားများ (Professional use) ယူဆောင်ခွင့်မပြု။

၉။ အစားအသောက်များ ခန်းမအတွင်းသို့ ယူဆောင်ခွင့်မပြု။

၁၀။ အသက် (၁၀) နှစ်အောက် ကလေးငယ်များအား ခန်းမအတွင်းသို့  ၀င်ရောက်ခွင့်မပြု။ (အသက် ၁၀ နှစ်အောက် ကလေးငယ်များအတွက် ကြည့်ရှူစောင့်ရှောက်သည့် သီးသန့် အခန်း စီစဉ်ထားရှိထားပါသည်။ အုပ်ထိန်းသူမိဘများအနေဖြင့်လည်း အဆိုပါ သီးသန့် ခန်းတွင်း၌ အတူနေထိုင်နိုင်ပါသည်)။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ ကျင်းပမည့် နေရာ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ ကျင်းပမည့် နေရာ။

Dendenong Stadium - No. 270 Stud Road, Dandenong North VIC 3175

(Mel Ref – 90 G1)

December 1, 2013 (Sunday)


သြစတြေးလျနိုင်ငံ SBS (Speical Braodcasting Service) ရေဒီယို မြန်မာပိုင်းအစီအစဉ်မှ နိုဝင်ဘာလ (၁၂) ရက်နေ့ ၌ တွေ့  ဆုံမေးမြန်း အသံထုတ်လွှင့်မှု။

သြစတြေးလျနိုင်ငံ SBS (Speical Braodcasting Service) ရေဒီယို မြန်မာပိုင်းအစီအစဉ်မှ နိုဝင်ဘာလ (၁၂) ရက်နေ့ ၌ တွေ့  ဆုံမေးမြန်း အသံထုတ်လွှင့်မှု။

https://soundcloud.com/welcome-dassk-to-melbourne/sbs-interview-for-meeting-of



Wednesday 20 November 2013

လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံ ခရီးစဉ်။

လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံ ခရီးစဉ်။




Tuesday 19 November 2013

သြစတြေးလျနိုင်ငံရဲ့  ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Australian National University (ANU) ကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  ချီးမြှင့်မှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့  ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Australian National University (ANU) ကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  ချီးမြှင့်မှာ ဖြစ်ပါတယ်။


Sunday 17 November 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများ တိုင်းရင်းသားပြည်သူပြည်သားများမှ လှိုက်လှဲစွာ ကြိုဆိုလျက် ရှိပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများ တိုင်းရင်းသားပြည်သူပြည်သားများမှ လှိုက်လှဲစွာ ကြိုဆိုလျက် ရှိပါတယ်။



Saturday 16 November 2013

ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းရာတွင် SMS Text Message ဖြင့် ပေးပို့ ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းရာတွင် SMS Text Message ဖြင့် ပေးပို့ ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲအတွက် ကြိုတင်စာရင်းပေးသွင်းရန်အတွက် ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းရာတွင် SMS Text Message ဖြင့် (မိမိတို့ ၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email လိပ်စာများ) နံနက် (၉) နာရီမှ ည (၉) နာရီအတွင်း ပေးပို့  ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖုန်းနံပါတ်များ - ဦးမျိုးအေး (0458 838 883) နှင့် ဦးကြည်လွင် (0422 885 456) သို့  SMS Text Message ပေးပို့ နိုင်ပါသည်။

Thursday 14 November 2013

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ (မဲလ်ဘန်းမြို့ )” - စုပေါင်းဆောင်ရွက်မှုနှင့် ၀ိုင်းဝန်းပံ့ပိုးမှု။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ (မဲလ်ဘန်းမြို့ )” - စုပေါင်းဆောင်ရွက်မှုနှင့် ၀ိုင်းဝန်းပံ့ပိုးမှု။

ဒီဇင်ဘာလ (၁) ရက်နေ့ တွင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ ၌ ကျင်းပမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့  ဆုံပွဲ” အား မိမိတို့  တိုင်းရင်းသားညီအကိုမောင်နှမများအပါအ၀င် မြန်မာမိသားစုများ၏ စုပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာမိသားစုများပြားစွာ တက်ရောက်နိုင်စေရန် စီစဉ်ရင်း ရရှိသောနေရာထိုင်ခင်းအရေအတွက်အကန့်  အသတ်အရ ကြိုတင်စာရင်းကောက်ယူရခြင်း ဖြစ်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာမိသားစုများ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် တွေ့ ဆုံနိုင်ရန် အခြားသော သြစတြေးလျနိုင်ငံပိုင်းဆိုင်ရာ တွေ့ ဆုံမှုများစွာရှိသည့်အနက်မှ မိမိတို့  မဲလ်ဘန်းမြို့ နေ မြန်မာပြည်သူပြည်သားများအား သီးသန့်  (၁) နာရီကြာ ဦးစားပေး တွေ့ ဆုံခွင့်ပေးခြင်း ဖြစ်ပါသည်။

မဲလ်ဘန်းမြို့ တွင် ကျင်းပမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ” စီစဉ်ဆောင်ရွက်ရာတွင် လိုအပ်သော ကုန်ကျစရိတ်များအတွက် မိမိတို့ အနေဖြင့် မည်သည့် သြစတြေးလျအဖွဲ့ အစည်းထံမှ ငွေကြေးအကူအညီတောင်းခံခြင်း မပြုလုပ်ပါ။ မိမိတို့  တိုင်းရင်းသားညီအကိုမောင်နှမများအပါအ၀င် မြန်မာမိသားစုများ၏ စုပေါင်းထည့်ဝင်သော တစ်ဦးချင်းစီ အလှူငွေဖြင့်သာ မ တည် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စုပေါင်းထည့်ဝင်သော အလှူငွေစာရင်းများကိုလည်း တွေ့ ဆုံပွဲ ဖြစ်မြောက်ပြီးသည့်နောက်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။

မိမိတို့  လေးစားချစ်မြတ်နိုးသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံနိုင်ရေးအတွက် အဓိက ဦးတည်သည့် စီစဉ်မှုသာဖြစ်ပြီး၊ စီစဉ်မှုလုပ်ငန်းအခက်အခဲများစွာကြားမှ မြန်မာမိသားစုများ၏ ၀ိုင်းဝန်းပံ့ပိုးကူညီမှုများဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

တိုင်းရင်းသားညီအကိုမောင်နှမများအပါအ၀င် မြန်မာမိသားစုများအနေဖြင့် မိမိတို့  စီစဉ်မှုကော်မီတီထံ တိုက်ရိုက်ဆက်သွယ်၍ လိုအပ်သော ကူညီပံ့ပိုးမှုများဖြင့် ၀ိုင်းဝန်းလက်တွဲကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

တိုင်းရင်းသားညီအကိုမောင်နှမများအပါအ၀င် မြန်မာမိသားစုများ၏ တစ်ဦးချင်းစီ အလှူငွေဖြင့် မ တည် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ၀ိုင်းဝန်းကူညီပံ့ပိုးမှုဖြင့် အလှူငွေများအတွက် ဆက်သွယ်လိုပါက -

ဒေါ်မီးမီး (ဖုန်း 0432 065 265)၊ ဒေါ်စန္ဒာနိုင် (ရံပုံငွေရှာဖွေရေးဆပ်ကော်မီတီ - ဖုန်း 0435 495 645) တို့  ထံ ဆက်သွယ်ပါရန်နှင့် အောက်ဖေါ်ပြပါ ဘဏ်အကောင့်သို့  အလှူငွေများ ထည့်ဝင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

“Bank Details”

Bank - National Bank of Australia (NAB)

Account Name – Ms Mee Oung & Sandar Naing

BSB Number – 08 3413

Account Number - 394653601

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ (မဲလ်ဘန်းမြို့ )”


Wednesday 13 November 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားညီအကိုမောင်နှမမိသားစုများမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမည်။

မဲလ်ဘန်းမြို့ နေ တိုင်းရင်းသားညီအကိုမောင်နှမမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ ဆုံရာတွင် ဒီဇင်ဘာလ (၁) ရက်နေ့  ၌ ကျင်းပမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများတွေ့ ဆုံပွဲ” သို့  ကရင် ကရင်နီ မွန် ရခိုင် ချင်း အစရှိသည့် တိုင်းရင်းသားညီအကိုမောင်နှမမိသားစုများမှ အင်တိုက်အားတိုက် တက်ရောက်ကြမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံခရီးစဉ်အား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားကြပါသည်။





Tuesday 12 November 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အတွက် ကြိုတင်စာရင်းပေးသွင်းရန် နည်းလမ်း (၃) မျိုး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အတွက် ကြိုတင်စာရင်းပေးသွင်းရန် နည်းလမ်း (၃) မျိုး။

နည်းလမ်း (၁) အင်တာနက်စာမျက်နှာ - http://www.welcome-dassk-to-melbourne.blogspot.com တွင် Contact Form မှတစ်ဆင့် ဖြည့်စွက်ပေးပို့ ခြင်း။

နည်းလမ်း (၂) အီးမေးလ်လိပ်စာ welcome.daw.aung.san.suu.kyi@gmail.com သို့  ပေးပို့ ခြင်း။

နည်းလမ်း (၃) ဖုန်းနံပါတ်များ - ဦးမျိုးအေး (0458 838 883)၊ ဦးတင်စိုး (0420 732 466)၊ ဦးကျော်စိုးမိုး (0432 711 294)၊ ဦးကြည်လွင် (0422 885 456)၊ ဒေါ်မီးမီး (0432 065 265) သို့  ဆက်သွယ်ပေးပို့ ခြင်း။

ကြိုတင်စာရင်းပေးသွင်းမှုအား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ ပါရန်နှင့် တွေ့ ဆုံပွဲ တက်ရောက်ကြမည့်သူများမှ တစ်ဦးချင်းစီ မိမိ၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email လိပ်စာများအား ဖေါ်ပြပေးရန် ဖြစ်ပါသည်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။

Monday 11 November 2013

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ - မဲလ်ဘန်းမြို့ ” – နေ့ ရက်၊ အချိန်၊ နေရာနှင့် တက်ရောက်ရန် ကြိုတင်စာရင်းပေးခြင်းဆိုင်ရာ အသိပေးကြေညာချက် (PDF File)။

http://www.scribd.com/doc/183217797/meeting-with-daw-aung-san-suu-kyi-and-burmese-families-in-melbourne-date-time-venue-registration-announce#fullscreen=1

“အင်တာနက်စာမျက်နှာမှ တစ်ဆင့်” - တွေ့ ဆုံပွဲတက်ရောက်ရန်အတွက် စာရင်းပေးပို့ မှု ပြုလုပ်ရန်။

“အင်တာနက်စာမျက်နှာမှ တစ်ဆင့်” - တွေ့ ဆုံပွဲတက်ရောက်ရန်အတွက် စာရင်းပေးပို့ မှု ပြုလုပ်ရန်။

သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ နံနက် (၉း၃၀) နာရီ မှ နံနက် (၁၀း၃၀) နာရီထိ Melbourne မြို့ရှိ Dendenong Stadium - No. 270 Stud Road, Dandenong North VIC 3175 (Mel Ref – 90 G1) တွင် ကျင်းပမည် ဖြစ်ပါသည်။

“အင်တာနက်စာမျက်နှာမှ တစ်ဆင့်” - တွေ့ ဆုံပွဲတက်ရောက်ရန်အတွက် စာရင်းပေးပို့ မှု (Registration) ပြုလုပ်ရန်မှာ အင်တာနက်စာမျက်နှာ www.welcome-dassk-to-melbourne.blogspot.com ရှိ “တွေ့  ဆုံပွဲတက်ရောက်ရန်အတွက် စာရင်းပေးပို့ ရန် (Registration) – Contact Form တွင် မိမိ၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email လိပ်စာများအား ဖြည့်စွက်၍ ပေးပို့ ရန် ဖြစ်ပါသည်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။




“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ - မဲလ်ဘန်းမြို့ ” – နေ့ ရက်၊ အချိန်၊ နေရာနှင့် တက်ရောက်ရန် ကြိုတင်စာရင်းပေးခြင်းဆိုင်ရာ အသိပေးကြေညာချက်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ - မဲလ်ဘန်းမြို့ ” – 

နေ့ ရက်၊ အချိန်၊ နေရာနှင့် တက်ရောက်ရန် ကြိုတင်စာရင်းပေးခြင်းဆိုင်ရာ အသိပေးကြေညာချက်။

သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ နံနက် (၉း၃၀) နာရီ မှ နံနက် (၁၀း၃၀) နာရီထိ Melbourne မြို့ရှိ Dendenong Stadium - No. 270 Stud Road, Dandenong North VIC 3175 (Mel Ref – 90 G1) တွင် ကျင်းပမည် ဖြစ်ပါသည်။

ဤတွေ့ဆုံပွဲကို မပျက်မကွက် တက်ရောက်ကြမည့်သူများအနေဖြင့် ကြိုတင်စာရင်းပေးထားရန် မဖြစ်မနေ လိုအပ်ပါသည်။ နေရာအရေအတွက် ကန့်သတ်ချက်ကြောင့် ကြိုတင်စာရင်းပေးသွင်းထားသည့်သူများသာလျှင် တွေ့  ဆုံပွဲခန်းမကြီးအတွင်းသို့  ၀င်ရောက်ခွင့် ရရှိမည် ဖြစ်ပါသည်။

တွေ့ ဆုံပွဲ တက်ရောက်ကြမည့်သူများမှ တစ်ဦးချင်းစီ မိမိ၏ အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email လိပ်စာများအား ကြိုတင် စာရင်းပေးထားရမည် ဖြစ်ပါသည်။

ဤတွေ့ဆုံပွဲသို့  တက်ရောက်ကြမည့်သူများအနေဖြင့် မိမိတို့ ၏ မိသားစုဝင် ကလေးသူငယ်များအား တစ်ပါတည်းခေါ်ဆောင်လာပါက ကလေးသူငယ်များနေထိုင်ရန် သီးသန့် အခန်းကြီးတစ်ခုအား စီမံထားရှိပြီး၊ တွေ့  ဆုံပွဲအချိန်ကာလအတွင်း ကလေးသူငယ်များအတွက် ဖြော်ဖြေရေးအစီအစဉ် သီးသန့်  ထားရှိထားမည် ဖြစ်ပါသည်။

တက်ရောက်ရန်စာရင်းပေးမှု (Registration) အား နောက်ဆုံးပိတ်ရက်ဖြစ်သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နောက်ဆုံးထား၍ ပြုလုပ်ရမည်ဖြစ်ပါသည်။ သို့ သော် အဆိုပါ နောက်ဆုံးရက်မတိုင်မှီ သတ်မှတ်ထားသော နေရာအရေအတွက် ပြည့်သွားပါက တက်ရောက်ရန် စာရင်းပေးမှု (Registration) အား ရပ်ဆိုင်းကြောင်း အသိပေးကြေညာမည် ဖြစ်ပါသည်။

“တွေ့ ဆုံပွဲ တက်ရောက်ရန်အတွက် ကြိုတင်စာရင်းပေးရန်”

အင်တာနက်စာမျက်နှာတွင် စာရင်းကြိုတင်ပေးပါရန် - www.welcome-dassk-to-melbourne.blogspot.com

Email သို့  ပေးပို့ ပါရန် - welcome.daw.aung.san.suu.kyi@gmail.com

ဖုန်းနံပါတ်များသို့  ပေးပို့ ပါရန် - ဦးမျိုးအေး (0458 838 883)၊ ဦးတင်စိုး (0420 732 466)၊ ဦးကျော်စိုးမိုး (0432 711 294)၊ ဦးကြည်လွင် (0422 885 456)၊ ဒေါ်မီးမီး (0432 065 265)။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။

သတင်းအချက်အလက်များနှင့် ကြေညာချက်များအား အင်တာနက်စာမျက်နှာ www.welcome-dassk-to-melbourne.blogspot.com နှင့် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/welcome.melbourne.9 တို့  တွင် ပုံမှန် ဖေါ်ပြပေးနေမည် ဖြစ်ပါသည်။



Tuesday 5 November 2013

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ သတင်းထုတ်ပြန်။ "Media Release by The Hon Foreign Minister Julie Bishop"

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ သတင်းထုတ်ပြန်။

"Media Release by The Hon Foreign Minister Julie Bishop"




Monday 28 October 2013

တွေ့ ဆုံဆွေးနွေးမှုများ (Meeting with Burmese Medical Professionals (Docotors) in Melbourne)

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများ တွေ့ ဆုံပွဲအတွက် တိုင်ပင်ဆွေးနွေးရန် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ ) မှ ဆရာဝန်များကြီးများနှင့် တွေ့ ဆုံစဉ် မှတ်တမ်းဓါတ်ပုံ။

(Meeting with Burmese Medical Professionals (Docotors) in Melbourne)


တိုင်ပင်ဆွေးနွေးမှုများ (Meetings with Ethnic Nationalities of Burma in Melbourne)

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများ တွေ့ ဆုံပွဲအတွက် တိုင်ပင်ဆွေးနွေးရန် မြန်မာပြည် တိုင်းရင်းသားလူမျိုးများနှင့် သွားရောက်တွေ့  ဆုံရာတွင် ကချင်တိုင်းရင်းသားများ၊ ကရင်တိုင်းရင်းသားများ၊ ချင်းတိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသားများ၊ ကရင်နီတိုင်းရင်းသားများနှင့် မှတ်တမ်းဓါတ်ပုံ။ (ထပ်မံ၍လည်း တိုင်းရင်းသားလူမျိုးများနှင့် ဆက်လက်တွေ့ ဆုံသွားမည် ဖြစ်ပါသည်)။

Photos - Meeting of the Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne” and Ethnic Nationalities of Burma in Melbourne – Kachin, Karen, Chin, Rakhine and Karenni ethnic nationalities.





ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ (မဲလ်ဘန်းမြို့ ) တွေ့ ဆုံပွဲ - ဒီဇင်ဘာလ (၁) ရက်နေ့ ။

သြစတြေးလျနိုင်ငံ ၀န်ကြီးချူပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မဲလ်ဘန်းမြို့ တော်ဝန်ရုံးမှ ဆက်သွယ်လာမှုအရ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ (မဲလ်ဘန်းမြို့ ) တွေ့ ဆုံပွဲအား ဒီဇင်ဘာလ (၁) ရက်နေ့ ၊ ၂၀၁၃ ခုနှစ် နံနက် (၉း၃၀) နာရီမှ (၁၀း၃၀) နာရီထိ ကျင်းပမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနားကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”

ဆက်သွယ်ရန် - welcome.daw.aung.san.suu.kyi@gmail.com

အင်တာနက်စာမျက်နှာ - http://www.welcome-dassk-to-melbourne.blogspot.com https://www.facebook.com/welcome.melbourne.9
 







Friday 18 October 2013

မဲလ်ဘန်းမြို့ ၏ အစည်းအဝေး ဖိတ်ကြားလွှာ။ Meeting Invitation by the Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne”

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ၏ အစည်းအဝေး ဖိတ်ကြားလွှာ။

Meeting Invitation by the Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne”

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” မှ ဆက်လက်ဆောင်ရွက်နေလျက်ရှိသော ညှိနှိုင်းတိုင်ပင်သည့် အစည်းအဝေးအား အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း ထပ်မံကျင်းပမည်ဖြစ်ပါသဖြင့် မြန်မာမိသားစုများအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

We would like to invite Burmese families in Melbourne to attend the planning meeting for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne”.

နေ့ ရက် - အောက်တိုဘာလ (၁၉) ရက်နေ့  (စနေနေ့ )၊ ၂၀၁၃ ခုနှစ်။

အချိန် - နေ့ လည် (၂) နာရီမှ (၅) နာရီထိ။

နေရာ - 5 Osbourne Avenue, Springvale VIC

The planning meeting will be held on October 19 (Saturday), 2013 at 5 Osborne Avenue, Springvale VIC from 2.00PM to 5.00PM.

လေးစားစွာဖြင့် -

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ။

With regards –

Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne”

Tuesday 15 October 2013

Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne”

Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne”

Burmese families including ethnic nationalities of Burma in Melbourne, had meetings for discussion to plan for “Daw Aung San Suu Kyi and Burmese families Meeting in Melbourne” after Australian medias and National League for Democracy (NLD) in Burma confirmed that Daw Aung San Suu Kyi will visit to Australia early December this year.

As a result of the community meetings, the Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne” has been formed on 12th October, 2013 and the committee members are elected as below.

Patron

Ven. Sayardaw U Tayzawbartha

Coordinators
Mr. Myo Aye, Mr. Kyaw Soe Moe, Mr. Tin Soe, Mr. Kyi Lwin, Ms Mee Mee

(1)Sub-Committee for Communicating with organizations in Burma/Australia and Venue
Mr. Htun Htun Oo, Mr. Myint Swe, Ms Nwe Ni Tun, Ms Zune, Mr. Ei Bar, Mr. Than Oo and Mr. Than Htwe

(2) Sub-Committee for Fund-Raising
Mr. Than Aung, Mr. Thura Kyaw, Ms Sandar Naing and Ms Khin Phyu Kyi

(3) Sub-Committee for Discipline Inspection
Mr. Myo Hein, Mr. Hla Oo, Mr. Htun Htun Oo, Mr. Ei Bar, Mr. Myint Swe, Mr. Thet Oo, Mr. Win Bo, Mr. Lu Gyi, Mr. Than Aung, Mr. Pein and Mr. Maung Win

(4) Sub-Committee for Meeting Room Decoration
Mr. Maung Maung Aye, Mr. Thet Oo, Mr. Peter and Mr. Nyan Win

(5) Sub-Committee for Media and Information

Mr. Myo Aye, Mr. Kyaw Soe Moe, Mr. Tin Soe, Mr. Kyi Lwin, Ms Mee Mee

(6) Sub-Committee for Communicating with Burmese families including ethnic nationalities of Burma in Melbourne
Mr. Aung Khin, Mr. Myint Swe, Ms Sandar Naing, Ms Khin Phyu Kyi and Mr. Maung Win

This Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne” welcomes to Burmese families who are willing to join in the committee and will increase the committee members.

To contact Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne”, please contact welcome.daw.aung.san.suu.kyi@gmail.com and for further information, please visit the website http://www.welcome-dassk-to-melbourne.blogspot.com and facebook at https://www.facebook.com/welcome.melbourne.9

Planning Committee for “Daw Aung San Suu Kyi and Burmese Families Meeting in Melbourne”

Date; October 12, 2013 Melbourne Australia

Saturday 12 October 2013

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”

သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ သို့  ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းအတွင်း ရောက်ရှိလာမည့် ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရန်အတွက် ကျင်းပပြုလုပ်ခဲ့သော ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲများမှ “မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” အား အောက်တိုဘာလ (၁၂) ရက်နေ့  ၂၀၁၃ ခုနှစ်တွင် ဖွဲ့ စည်းလိုက်ပါသည်။

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” အဖွဲ့ ဝင်များအား ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲများတက်ရောက်ခဲ့သူများမှ အောက်ဖေါ်ပြပါအတိုင်း ရွေးချယ်လိုက်ပါသည်။

နာယက - ဆရာတော် ဦးတေဇောဘာသ၊

ကော်မီတီ ကြီးကြပ်ရေးမှူးများ - ကိုမျိုးအေး၊ မမီးမီး၊ ကိုကျော်စိုးမိုး၊ ကိုတင်စိုး၊ ကိုကြည်လွင်။

ဆပ်ကော်မီတီများ။

၁။ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် အခမ်းအနားနေရာရှာဖွေရေးဆပ်ကော်မီတီ - ကိုထွန်းထွန်းဦး၊ ကိုမြင့်ဆွေ၊ မနွယ်နီထွန်း၊ ကိုအီဗား၊ မဇွန်၊ ကိုသန်းဦး၊ ကိုသန်းထွေး။

၂။ ရံပုံငွေရှာဖွေရေးဆပ်ကော်မီတီ - မစန္ဒာနိုင်၊ မခင်ဖြူကြည်၊ ကိုသန်းအောင်၊ ကိုသူရကျော်။

၃။ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မီတီ - ကိုမျိုးဟိန်း၊ ကိုထွန်းထွန်းဦး၊ ကိုအီဗား၊ မစန္ဒာနိုင်၊ ကိုမြင့်ဆွေ၊ ကိုသက်ဦး၊ ကိုဝင်းဗိုလ်၊ ကိုသန်းအောင်၊ ကိုလူကြီး၊ ဦးလှဦး၊ ကိုပိန် ကိုမောင်ဝင်း။

၎။ အခမ်းအနားအစီအစဉ်ပြင်ဆင်ရေးဆပ်ကော်မီတီ - ကိုမောင်မောင်အေး၊ ကိုသက်ဦး၊ ကိုပီတာ၊ ကိုဥာဏ်ဝင်း။

၅။ သတင်းမီဒီယာနှင့် ပြန်ကြားရေးဆပ်ကော်မီတီ - ကိုမျိုးအေး၊ မမီးမီး၊ ကိုကျော်စိုးမိုး၊ ကိုတင်စိုး၊ ကိုကြည်လွင်။

၆။ မြန်မာမိသားစုများ ဖိတ်ကြားရေးဆပ်ကော်မီတီ - ကိုမြင့်ဆွေ၊ ဦးအောင်ခင်၊ မစန္ဒာနိုင်၊ မခင်ဖြုကြည်၊ ကိုမောင်ဝင်း။

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” ကော်မီတီ အဖွဲ့ ဝင်များ -

ဦးအောင်ခင်၊ ကိုမျိုးအေး၊ မမီးမီး၊ ကိုကျော်စိုးမိုး၊ ကိုတင်စိုး၊ ကိုကြည်လွင်၊ ကိုထွန်းထွန်းဦး၊ ကိုမြင့်ဆွေ၊ မနွယ်နီထွန်း၊ ကိုအီဗား၊ ကိုစိုးသီဟ၊ မဇွန်၊ ကိုသန်းဦး၊ မုဃိဟွာ၊ မစန္ဒာနိုင်၊ မခင်ဖြူကြည်၊ ကိုသန်းအောင်၊ ကိုသူရကျော်၊ ကိုစံစံ၊ ကိုပီတာ၊ ကိုမျိုးဟိန်း၊ ကိုထွန်းထွန်းဦး၊ ကိုအီဗား၊ ကိုမြင့်ဆွေ၊ ကိုသက်ဦး၊ ကိုဝင်းဗိုလ်၊ ကိုသန်းအောင်၊ ကိုလူကြီး၊ ဦးလှဦး၊ ကိုပိန် ကိုမောင်ဝင်း၊ ကိုမောင်မောင်အေး၊ ကိုသက်ဦး၊ ကိုပီတာ၊ ကိုဥာဏ်ဝင်း၊ ကိုစိုးသီဟ၊ ကိုမြင့်ဆွေ၊ ကိုမင်းမင်း၊ ကိုသန်းထွေး၊ ကိုကိုလတ်၊ ကိုကောင်း၊ ကိုစိုးလွင်၊ ကိုသန်းလှိုင်၊ ဦးအောင်ကျော်မင်း၊ ဒေါ်မြင့်မြင့်ဝေ၊ ကိုကိုအောင်၊ ကိုပြည်စိုး။

မှတ်ချက် - “မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” အဖွဲ့ ဝင်များအား အင်အားဖြည့်၍ ထပ်မံတိုးချဲ့ သွားမည် ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများအပါအ၀င် မြန်မာမိသားစုများ အားလုံးအား - “မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” တွင် ၀င်ရောက်အားဖြည့် ဆောင်ရွက်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” ပါ “မြန်မာမိသားစုများ” ဆိုသည်မှာ မြန်မာပြည်မှ တိုင်းရင်သားလူမျိုးများအားလုံးကို ဆိုလိုသည်။

“မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ” သို့  ဆက်သွယ်ရန် - welcome.daw.aung.san.suu.kyi@gmail.com နှင့် အင်တာနက်စာမျက်နှာမှာ http://www.welcome-dassk-to-melbourne.blogspot.com နှင့် https://www.facebook.com/welcome.melbourne.9 ဖြစ်ပါသည်။