photo WelcometoMelbourne_zpsca6cd47c.gif

Monday 25 November 2013

ကလေးသူငယ်များအား မည်သည့် အသက်အရွယ် ကန့်  သတ်ချက် မရှိဘဲ ခန်းမအတွင်းသို့  ၀င်ရောက်ခွင့်ပြုခြင်း။

ကလေးသူငယ်များအား မည်သည့် အသက်အရွယ် ကန့်  သတ်ချက် မရှိဘဲ ခန်းမအတွင်းသို့  ၀င်ရောက်ခွင့်ပြုခြင်း။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနားသို့  မိဘများနှင့်အတူ တက်ရောက်လာကြမည့် ကလေးသူငယ်များနှင့် ပတ်သက်၍ မည်သည့် အသက်အရွယ် ကန့် သတ်ချက် မရှိဘဲ ခန်းမအတွင်းသို့  ၀င်ရောက်ခွင့်ပြုပါသည်။

အုပ်ထိန်းသူများမှ ရရှိထားသော ထိုင်ခုံတွင် ကလေးသူငယ်များအား မိမိတို့ နှင့်အတူ ငြိမ်သက်စွာ ရှိနေစေရန် ၀ိုင်းဝန်းတာဝန်ယူစောင့်ရှောက်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

မှန်လုံသီးသန့် ခန်း၌လည်း ကလေးသူငယ်များအား ကူညီစောင့်ရှောက်ပေးသော ကလေးသူငယ်များအား ဖြော်ဖြေသည့် အစီအစဉ်များ ရှိပါသဖြင့် အဆိုပါ သီးသန့် ခန်းသို့ လည်း မိမိတို့  ကလေးသူငယ်များအား ပို့ ဆောင်ထားရှိနိုင်ပါသည်။

အခန်းအနားအား အနှောက်အရှက် ဖြစ်စေသည်ဟု ယူဆသော ခလေးသူငယ်များကိုမူ စီစဉ်ထားသော ခလေးသူငယ်များအား စောင့်ရှောက်သည့် သီးသန့် ခန်းသို့  လုံခြုံရေးတာဝန်ခံမှ ပို့  ဆောင်ပေးပါမည်။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။


No comments:

Post a Comment