photo WelcometoMelbourne_zpsca6cd47c.gif

Saturday 23 November 2013

ခန်းမအတွင်း ဝင်ရောက်မည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များ။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ”

ခန်းမအတွင်း ဝင်ရောက်မည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များ

၁။ ဧည့်သည်များသည် ခန်းမအတွင်းသို့ နံနက် ၆း၃၀ နာရီ မှ နံနက် ၉း၀၀နာရီ အတွင်း ဝင်ရောက်ကြရမည်။ နံနက် ၉:၀၀နာရီတိတိတွင် ခန်းမတံခါးပိတ်မည် ဖြစ်သည်။

၂။ အ၀င်ပေါက်ဝတွင် လုံခြုံရေးအတွက် မည်သူမဆို စစ်ဆေးခံရမည်။ ခန်းမအတွင်း၌လည်း စစ်ဆေးရန် လိုအပ်ပါက စစ်ဆေးခံယူမှု ရှိရမည်။

၃။ မိမိ၏ အမည်နှင့် ဓါတ်ပုံပါရှိသော သက်သေခံကဒ်ပြား (ID) မပါသူအား ဝင်ခွင့်မပြု။

၎။ သင့်တင့်လျောက်ပတ်သော ၀တ်စားဆင်ယင်မှု မရှိသူအား ဝင်ခွင့်မပြု။

၅။ မူးယစ်သေစာ သုံးစွဲထားသူဟု ယူဆထားသူအား လုံခြုံရေးတာဝန်ခံအရာရှိမှ လိုအပ်သလို စစ်ဆေးပြီးမှ ဝင်ခွင့်ပေးသင့် မပေးသင့် ဆုံးဖြတ်မည်။

၆။ လုံခြုံရေးကို ထိခိုက်စေနိုင်သောပစ္စည်းများ (ဓါး၊ တုတ်၊ လက်နက်၊ လက်ကိုင်အသံချဲ့စက် စသည်ဖြင့် ....) ယူဆောင်ခွင့်မပြု။

၇။ လက်ဆွဲအိပ်အကြီးစားများနှင့် ကျောပိုးအိပ်များ ယူဆောင်ခွင့်မပြု။

၈။ ဗီဒီယိုကင်မရာနှင့် ဓါတ်ပုံကင်မရာအကြီးစားများ (Professional use) ယူဆောင်ခွင့်မပြု။

၉။ အစားအသောက်များ ခန်းမအတွင်းသို့ ယူဆောင်ခွင့်မပြု။

၁၀။ အသက် (၁၀) နှစ်အောက် ကလေးငယ်များအား ခန်းမအတွင်းသို့  ၀င်ရောက်ခွင့်မပြု။ (အသက် ၁၀ နှစ်အောက် ကလေးငယ်များအတွက် ကြည့်ရှူစောင့်ရှောက်သည့် သီးသန့် အခန်း စီစဉ်ထားရှိထားပါသည်။ အုပ်ထိန်းသူမိဘများအနေဖြင့်လည်း အဆိုပါ သီးသန့် ခန်းတွင်း၌ အတူနေထိုင်နိုင်ပါသည်)။

No comments:

Post a Comment