photo WelcometoMelbourne_zpsca6cd47c.gif

Saturday 23 November 2013

မိမိတို့  မေးမြန်းလိုသော မေးခွန်းများအား အောက်ဖေါ်ပြပါအတိုင်း ကြိုတင်ပေးပို့ ပါရန်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ (မဲလ်ဘန်းမြို့ ) ၏ အစီအစဉ်အတွင်း “မြန်မာမိသားစုများမှ မေးမြန်းထားသော မေးခွန်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခြင်း” အစီအစဉ်တစ်ရပ် ပါရှိပါသောကြောင့် - မဲလ်ဘန်းမြို့ နေ မြန်မာမိသားစုများအနေဖြင့် မိမိတို့  မေးမြန်းလိုသော မေးခွန်းများအား ကြိုတင်၍ ပေးပို့ ထားနိုင်ပါသည်။

မိမိတို့  မေးမြန်းလိုသော မေးခွန်းများအား အောက်ဖေါ်ပြပါအတိုင်း ကြိုတင်ပေးပို့ ပါရန် အသိပေးအပ်ပါသည်။

- မေးခွန်းမေးသူ အမည်အား ဖေါ်ပြရမည် ဖြစ်သည်။

- မေးခွန်းကဏ္ဍ - (၁) နိုင်ငံရေး (၂) ပညာရေးနှင့် ကျန်းမာရေး (၃) တိုင်းရင်းသားရေး။

- မေးခွန်းသည် ဖတ်ရှူမြင်နိုင်သော ရေးသားမှု ဖြစ်ရမည်၊ ညစ်ညမ်းရိုင်းစိုင်းသော ပုဂ္ဂိုလ်ရေးစော်ကားသည့် ရေးသားမှုမျိုးမဖြစ်စေရ။ စာလုံးရေ (၅၀) ထက် မပိုစေရ။

- မေးခွန်းအရေအတွက် သတ်မှတ်ထားခြင်း မရှိသော်လည်း တူညီသည့် မေးခွန်းများကိုမူ ပေါင်းစပ်မည်ဖြစ်ပြီး မေးခွန်းကဏ္ဍအလိုက် စုစည်း၍ ငွေဖလားအတွင်း ထည့်သွင်းကာ ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားနိုင်ရန် အသင့်ပြင်ဆင်ထားပေးမည် ဖြစ်ပါသည်။

- တွေ့ ဆုံပွဲကျင်းပနေသည့် အချိန်ကာလအတွင်း မေးမြန်းခြင်း ခွင့်မပြုပါ။

မေးခွန်းများအား အီးမေးလ်လိပ်စာ welcome.daw.aung.san.suu.kyi@gmail.com သို့  နိုဝင်ဘာလ (၂၉) ရက်နေ့  နောက်ဆုံးထား၍ ပေးပို့ နိုင်ပါသည်။


No comments:

Post a Comment