photo WelcometoMelbourne_zpsca6cd47c.gif

Saturday 23 November 2013

ခန်းမအတွင်းတွင် လိုက်နာရမည့် စည်းကမ်းချက်များ။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ”

ခန်းမအတွင်းတွင် လိုက်နာရမည့် စည်းကမ်းချက်များ

၁။ အခမ်းအနားကို အနှောက်အယှက်ဖြစ်စေသော လုပ်ရပ်များ မပြုလုပ်ရ။ အခန်းအနားကို အနှောက်အရှက်ဖြစ်စေသည်ဟု ယူဆခံရသူအား လုံခြုံရေးတာဝန်ခံမှ ခန်းမပြင်ပသို့ ပို့ ဆောင်ပါမည်။

၂။ ခန်းမအတွင်း ၀င်ရောက်သည်နှင့် တပြိုင်နက် မိမိအား သတ်မှတ်နေရာချထားပေးသော နေရာမှအပ တခြားနေရာများသို့ သွားလာခွင့်မပြု။

၃။ မိမိ ရရှိထားသော ထိုင်ခုံနေရာတွင်သာ အခမ်းအနားအစီအစဉ်တစ်လျှောက် အချိန်ပြည့် နေရာယူပြီး အကြောင်းကိစ္စရှိပါက နီးစပ်ရာ လုံခြုံရေးတာဝန်ခံကို ခေါ်ယူပြီးမှသာ မိမိနေရာမှ ထွက်ခွာရမည်။

၎။ မိမိထိုင်နေသော ထိုင်ခုံမှသာ ထိုင်၍ ဓါတ်ပုံရိုက်ယူရမည်။ ဓါတ်ပုံကင်မရာဖြင့် ရိုက်ယူရာတွင် အလင်းရောင်သုံး (Flash) အား သုံးစွဲခြင်း မပြုလုပ်ရ။

၅။ တယ်လီဖုန်းများ အသံပိတ် (Silent) ပြုလုပ်ထားရမည်။

၆။ အသက် (၁၀) နှစ်အထက် ကလေးများသည် ရရှိထားသော ထိုင်ခုံတွင်သာ ငြိမ်သက်စွာရှိနေစေရန် အုပ်ထိန်းသူများမှ တာဝန်ယူရမည်။ (အခန်းအနားကို အနှောက်အရှက်ဖြစ်စေသည်ဟု ယူဆသော အသက် ၁၀ နှစ်အထက် ကလေးအား စီစဉ်ထားသော ကလေးများ ကြည့်ရှူစောင့်ရှောက်သည့် သီးသန့် ခန်းသို့  လုံခြုံရေးတာဝန်ခံမှ ပို့ ဆောင်ပါမည်)။

၇။ အရေးပေါ်အခြေအနေများတွင် သက်ဆိုင်ရာလုံခြုံရေးတာဝန်ခံများ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာရမည်။

No comments:

Post a Comment