photo WelcometoMelbourne_zpsca6cd47c.gif

Thursday 14 November 2013

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ (မဲလ်ဘန်းမြို့ )” - စုပေါင်းဆောင်ရွက်မှုနှင့် ၀ိုင်းဝန်းပံ့ပိုးမှု။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ (မဲလ်ဘန်းမြို့ )” - စုပေါင်းဆောင်ရွက်မှုနှင့် ၀ိုင်းဝန်းပံ့ပိုးမှု။

ဒီဇင်ဘာလ (၁) ရက်နေ့ တွင် သြစတြေးလျနိုင်ငံ၊ မဲလ်ဘန်းမြို့ ၌ ကျင်းပမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့  ဆုံပွဲ” အား မိမိတို့  တိုင်းရင်းသားညီအကိုမောင်နှမများအပါအ၀င် မြန်မာမိသားစုများ၏ စုပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာမိသားစုများပြားစွာ တက်ရောက်နိုင်စေရန် စီစဉ်ရင်း ရရှိသောနေရာထိုင်ခင်းအရေအတွက်အကန့်  အသတ်အရ ကြိုတင်စာရင်းကောက်ယူရခြင်း ဖြစ်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာမိသားစုများ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် တွေ့ ဆုံနိုင်ရန် အခြားသော သြစတြေးလျနိုင်ငံပိုင်းဆိုင်ရာ တွေ့ ဆုံမှုများစွာရှိသည့်အနက်မှ မိမိတို့  မဲလ်ဘန်းမြို့ နေ မြန်မာပြည်သူပြည်သားများအား သီးသန့်  (၁) နာရီကြာ ဦးစားပေး တွေ့ ဆုံခွင့်ပေးခြင်း ဖြစ်ပါသည်။

မဲလ်ဘန်းမြို့ တွင် ကျင်းပမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ” စီစဉ်ဆောင်ရွက်ရာတွင် လိုအပ်သော ကုန်ကျစရိတ်များအတွက် မိမိတို့ အနေဖြင့် မည်သည့် သြစတြေးလျအဖွဲ့ အစည်းထံမှ ငွေကြေးအကူအညီတောင်းခံခြင်း မပြုလုပ်ပါ။ မိမိတို့  တိုင်းရင်းသားညီအကိုမောင်နှမများအပါအ၀င် မြန်မာမိသားစုများ၏ စုပေါင်းထည့်ဝင်သော တစ်ဦးချင်းစီ အလှူငွေဖြင့်သာ မ တည် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စုပေါင်းထည့်ဝင်သော အလှူငွေစာရင်းများကိုလည်း တွေ့ ဆုံပွဲ ဖြစ်မြောက်ပြီးသည့်နောက်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။

မိမိတို့  လေးစားချစ်မြတ်နိုးသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံနိုင်ရေးအတွက် အဓိက ဦးတည်သည့် စီစဉ်မှုသာဖြစ်ပြီး၊ စီစဉ်မှုလုပ်ငန်းအခက်အခဲများစွာကြားမှ မြန်မာမိသားစုများ၏ ၀ိုင်းဝန်းပံ့ပိုးကူညီမှုများဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

တိုင်းရင်းသားညီအကိုမောင်နှမများအပါအ၀င် မြန်မာမိသားစုများအနေဖြင့် မိမိတို့  စီစဉ်မှုကော်မီတီထံ တိုက်ရိုက်ဆက်သွယ်၍ လိုအပ်သော ကူညီပံ့ပိုးမှုများဖြင့် ၀ိုင်းဝန်းလက်တွဲကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

တိုင်းရင်းသားညီအကိုမောင်နှမများအပါအ၀င် မြန်မာမိသားစုများ၏ တစ်ဦးချင်းစီ အလှူငွေဖြင့် မ တည် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ၀ိုင်းဝန်းကူညီပံ့ပိုးမှုဖြင့် အလှူငွေများအတွက် ဆက်သွယ်လိုပါက -

ဒေါ်မီးမီး (ဖုန်း 0432 065 265)၊ ဒေါ်စန္ဒာနိုင် (ရံပုံငွေရှာဖွေရေးဆပ်ကော်မီတီ - ဖုန်း 0435 495 645) တို့  ထံ ဆက်သွယ်ပါရန်နှင့် အောက်ဖေါ်ပြပါ ဘဏ်အကောင့်သို့  အလှူငွေများ ထည့်ဝင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

“Bank Details”

Bank - National Bank of Australia (NAB)

Account Name – Ms Mee Oung & Sandar Naing

BSB Number – 08 3413

Account Number - 394653601

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ အခမ်းအနား ကျင်းပရေး စီစဉ်မှုကော်မီတီ - မဲလ်ဘန်းမြို့ ”။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမိသားစုများ တွေ့ ဆုံပွဲ (မဲလ်ဘန်းမြို့ )”


No comments:

Post a Comment